” ေမာ္လၿမိဳင္ၿမိဳ႕ စိန္မမ ဆရာေတာ္ဘုရားႀကီး ပ်ံလြန္ေတာ္မမူခင္ ေရာဂါေဝဒနာေတြ ခံစားရလြန္းလုိ႔ ေရးခ့ဲတ့ဲ ကဗ်ာ”
😔ဘဝေနညိဳခ်ိန္😔
=============
စိတ္ညစ္တယ္—–
အတိတ္အျဖစ္ရယ္ သည္အရိပ္ေၾကာင့္
ညဆိုလွ်င္ အိပ္မေပ်ာ္ႏိုင္ဘူး
ဘဝကိုပင္ စိတ္ေနာ္ပ်က္မိရ႕ဲ
ခက္ခ်ည့္ရ႕ဲ သည္တိုင္းကြယ္။ ။
ငယ္ႏုပ်ိဳအရြယ္ေကာင္းစဥ္က
ဘယ္ကုသိုလ္ ဘယ္အေၾကာင္းကိုမွ
ေကာင္းေကာင္းျပဳမရိွတယ္
အသိမႂကြယ္၍မိုက္မွား ။ ။
အိုမင္းခ်ိန္မွာ —–
ယိုယြင္းသည္ခႏၶာက
စိတ္လိုရာ သူမလိုက္ႏိုင္မွ
မိုက္တာေတြ ေနာင္တရခ့ဲမိ
သည္ကေ႐ွ႕ ဥာဏ္ဆင္ျခင္၍
ေနဝင္ခ်ိန္ စပါးလွမ္းသည္သို႔
မနားတမ္း နာနာေမႊမွ
စပါးေတြ အျမန္ေျခာက္သလိုပ
တရားလမ္း နာနာေဖြမွ
အမွားေတြ အမွန္ေပ်ာက္ေပလိမ့္
ေနာက္ကဟာ ျပန္မေတြးနဲ႔ေတာ့
ေ႐ွ႕ေရးအစဥ္ေကာင္းေအာင္ကြယ္
ကြယ္—–ေမာင္းတင္ႀကိဳးစား။ ။
ဘဒၵႏၱဝိစိတၱသာရ{ကမၻာနီ}
{အဂၢမဟာပ႑ိတ}
စိန္မမပါဠိတကၠသိုလ္၊ေမာ္လၿမိဳင္ၿမိဳ႕
Unicode Version
😔ဘဝနေညိုချိန်😔
=============
စိတ်ညစ်တယ်—–
အတိတ်အဖြစ်ရယ် သည်အရိပ်ကြောင့်
ညဆိုလျှင် အိပ်မပျော်နိုင်ဘူး
ဘဝကိုပင် စိတ်နော်ပျက်မိရဲ့
ခက်ချည့်ရဲ့ သည်တိုင်းကွယ်။ ။
ငယ်နုပျိုအရွယ်ကောင်းစဉ်က
ဘယ်ကုသိုလ် ဘယ်အကြောင်းကိုမှ
ကောင်းကောင်းပြုမရှိတယ်
အသိမကြွယ်၍မိုက်မှား ။ ။
အိုမင်းချိန်မှာ —–
ယိုယွင်းသည်ခန္ဓာက
စိတ်လိုရာ သူမလိုက်နိုင်မှ
မိုက်တာတွေ နောင်တရခဲ့မိ
သည်ကရှေ့ ဉာဏ်ဆင်ခြင်၍
နေဝင်ချိန် စပါးလှမ်းသည်သို့
မနားတမ်း နာနာမွှေမှ
စပါးတွေ အမြန်ခြောက်သလိုပ
တရားလမ်း နာနာဖွေမှ
အမှားတွေ အမှန်ပျောက်ပေလိမ့်
နောက်ကဟာ ပြန်မတွေးနဲ့တော့
ရှေ့ရေးအစဉ်ကောင်းအောင်ကွယ်
ကွယ်—–မောင်းတင်ကြိုးစား။ ။
ဘဒ္ဒန္တဝိစိတ္တသာရ{ကမ္ဘာနီ}
{အဂ္ဂမဟာပဏ္ဍိတ}
စိန်မမပါဠိတက္ကသိုလ်၊မော်လမြိုင်မြို့


