မျမင္ကြယ္ရာက အမည္းကြက္ေတြကို အလြယ္တကူေပ်ာက္ေစႏုိင္တဲ့ နည္းလမ္းမ်ား





ခႏၶာကုိယ့္အတြက္ သန္႕ရွင္းေရးကို ဂရုတစုိက္လုပ္ေပးသင့္တယ္။ လူေတြက ျမင္ႏုိင္တဲ့ေနရာေတြကိုပဲ skincare လုပ္ဖုိ႕ပဲ စိတ္ပူတတ္ၾကတယ္။ လူမျမင္ႏိုင္တဲ့ေနရာေတြကိုေတာ့ ဂရုမစုိက္တတ္ၾကဘူး။ ဒီလုိ ဂရုမစုိက္ပါမ်ားလာရင္ ဆုိးရြားတဲ့ေရာဂါေတြျဖစ္လာတတ္တယ္။ ဒါေၾကာင့္ လူမျမင္ရတဲ့ (private parts) ေနရာေတြကို သန္႕ရွင္းေပးဖုိ႕လုိၿပီး အမည္းကြက္ေတြကိုပါ ဖယ္ရွင္းဖုိ႕လိုတယ္။ အမည္းကြက္ေတြကို ဖယ္ရွားပစ္ဖုိ႕အတြက္ အပင္ပန္းခံစရာမလုိတဲ့ နည္းလမ္းေတြကို ေဖာ္ျပေပးလုိက္ပါတယ္။



(၁) ရွားေစာင္းလက္ပပ္
သဘာ၀ ရွားေစာင္းလက္ပပ္အႏွစ္ကေတာ့ တကယ္ကို ေကာင္းေစတာပါ။ ရွားေစာင္းလက္ပပ္က အသားအေရအတြက္ေကာင္းေစတာ အမွန္ပါ။ သင့္ရဲ႕လူမျမင္ရတဲ့ (private body parts) ေနရာမွာ မည္းေနတဲ့အကြက္ေတြကို သန္႕ရွင္းေရးလုပ္ေပးဖုိ႕လုိပါတယ္။ ရွားေစာင္းလက္ပပ္အႏွစ္နဲ႕ မည္းေနတဲ့ေနရာေတြကို လိမ္းေပးၿပီး မိနစ္(၂၀)ေလာက္ထားၿပီး ႏွိပ္နယ္ေပးလုိက္ပါ။ ၿပီးရင္ ေရေႏြးေႏြးေလးနဲ႕ ေဆးလုိက္ပါ။ ဒီအတုိင္း ေန႕တုိင္းလုပ္ေပးရင္ သိသာတဲ့ ရလဒ္ကို ရလာမွာပါ။
(၂) နႏြင္း နဲ႕ လိေမၼာ္ရည္
ဒီပါ၀င္ပစၥည္းႏွစ္မ်ိဳးကိုသုံးၿပီး အမည္းကြက္ေတြကို ဖယ္ရွားႏုိင္တယ္။ လိေမၼာ္က အခ်ဥ္ဓာတ္ပါတဲ့အသီးျဖစ္လုိ႕ အမည္းကြက္ေတြကို ခၽြတ္လုိ႕ရပါတယ္။ နႏြင္းကေတာ့ အသားအေရကိုလွေစႏုိင္တဲ့သဘာ၀ပစၥည္းပဲျဖစ္တယ္။ လိေမၼာ္ရည္ (စားပဲြတင္ဇြန္း ၂ ဇြန္း) နဲ႕ နႏြင္းမႈန္႕ (တစ္တုိ႕စာ) တုိ႕ကို ေရာလုိက္ပါ။ ၿပီးရင္ လူမျမင္ရတဲ့ (private body parts) ေနရာမွာ မည္းေနတဲ့ အကြက္ေတြကိုလိမ္းလုိက္ပါ။ မိနစ္(၂၀) ၾကာရင္ေတာ့ ေရေႏြးေႏြးေလးနဲ႕ ေဆးလုိက္ပါ။ ဒီနည္းတုိင္းလုပ္ေပးမယ္ဆုိရင္ မည္းေနတဲ့ေနရာေတြမရွိေတာ့ပါဘူး။
(၃) သံပယုိရည္
သံပယိုစီးက လိေမၼာ္သီးလုိပဲ အခ်ဥ္ဓာတ္ပါၿပီး အသုံးျပဳလုိ႕ရတဲ့ေနရာေတြလည္း အမ်ားႀကီးရွိတယ္။ သံပယိုရည္ကို အရည္ညွစ္လုိက္ပါ။ ရလာတဲ့အရည္နဲ႕ မည္းေနတဲ့အကြက္ေတြကုိ လိမ္းလုိက္ပါ။ (၁၀)မိနစ္ၾကာရင္ေဆးလုိက္ပါ။ ဒီနည္းတုိင္း လုပ္ေပးမယ္ဆုိရင္ ျဖဴေဖြး သန္႕ရွင္းတဲ့ ခႏၶာကုိယ္အလွကို ပုိင္ဆုိင္ႏုိင္မွာပါ။
Credit: themoonmm
Unicode
ခန္ဓာကိုယ့်အတွက် သန့်ရှင်းရေးကို ဂရုတစိုက်လုပ်ပေးသင့်တယ်။ လူတွေက မြင်နိုင်တဲ့နေရာတွေကိုပဲ skincare လုပ်ဖို့ပဲ စိတ်ပူတတ်ကြတယ်။ လူမမြင်နိုင်တဲ့နေရာတွေကိုတော့ ဂရုမစိုက်တတ်ကြဘူး။ ဒီလို ဂရုမစိုက်ပါများလာရင် ဆိုးရွားတဲ့ရောဂါတွေဖြစ်လာတတ်တယ်။ ဒါကြောင့် လူမမြင်ရတဲ့ (private parts) နေရာတွေကို သန့်ရှင်းပေးဖို့လိုပြီး အမည်းကွက်တွေကိုပါ ဖယ်ရှင်းဖို့လိုတယ်။ အမည်းကွက်တွေကို ဖယ်ရှားပစ်ဖို့အတွက် အပင်ပန်းခံစရာမလိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ရှားစောင်းလက်ပပ်
သဘာဝ ရှားစောင်းလက်ပပ်အနှစ်ကတော့ တကယ်ကို ကောင်းစေတာပါ။ ရှားစောင်းလက်ပပ်က အသားအရေအတွက်ကောင်းစေတာ အမှန်ပါ။ သင့်ရဲ့လူမမြင်ရတဲ့ (private body parts) နေရာမှာ မည်းနေတဲ့အကွက်တွေကို သန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။ ရှားစောင်းလက်ပပ်အနှစ်နဲ့ မည်းနေတဲ့နေရာတွေကို လိမ်းပေးပြီး မိနစ်(၂၀)လောက်ထားပြီး နှိပ်နယ်ပေးလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပါ။ ဒီအတိုင်း နေ့တိုင်းလုပ်ပေးရင် သိသာတဲ့ ရလဒ်ကို ရလာမှာပါ။
(၂) နနွင်း နဲ့ လိမ္မော်ရည်
ဒီပါ၀င်ပစ္စည်းနှစ်မျိုးကိုသုံးပြီး အမည်းကွက်တွေကို ဖယ်ရှားနိုင်တယ်။ လိမ္မော်က အချဉ်ဓာတ်ပါတဲ့အသီးဖြစ်လို့ အမည်းကွက်တွေကို ချွတ်လို့ရပါတယ်။ နနွင်းကတော့ အသားအရေကိုလှစေနိုင်တဲ့သဘာဝပစ္စည်းပဲဖြစ်တယ်။ လိမ္မော်ရည် (စားပွဲတင်ဇွန်း ၂ ဇွန်း) နဲ့ နနွင်းမှုန့် (တစ်တို့စာ) တို့ကို ရောလိုက်ပါ။ ပြီးရင် လူမမြင်ရတဲ့ (private body parts) နေရာမှာ မည်းနေတဲ့ အကွက်တွေကိုလိမ်းလိုက်ပါ။ မိနစ်(၂၀) ကြာရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပါ။ ဒီနည်းတိုင်းလုပ်ပေးမယ်ဆိုရင် မည်းနေတဲ့နေရာတွေမရှိတော့ပါဘူး။
(၃) သံပယိုရည်
သံပယိုစီးက လိမ္မော်သီးလိုပဲ အချဉ်ဓာတ်ပါပြီး အသုံးပြုလို့ရတဲ့နေရာတွေလည်း အများကြီးရှိတယ်။ သံပယိုရည်ကို အရည်ညှစ်လိုက်ပါ။ ရလာတဲ့အရည်နဲ့ မည်းနေတဲ့အကွက်တွေကို လိမ်းလိုက်ပါ။ (၁၀)မိနစ်ကြာရင်ဆေးလိုက်ပါ။ ဒီနည်းတိုင်း လုပ်ပေးမယ်ဆိုရင် ဖြူဖွေး သန့်ရှင်းတဲ့ ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်နိုင်မှာပါ။
Credit: themoonmm

Recent Updates

Recent Posts Widget