ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ စွမ်းပြည့်အောင် နဲ့ ထရေစီ တို့ရဲ့အချစ်လိုအင် MV
Myanmar Idol Season 3 မှာ ပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ အဆိုတော် စွမ်းပြည့်အောင် ဟာဆိုရင် အသံချိုချိုလေးနဲ့ နှုတ်ခမ်းနီမလေးတွေ တစ်ခဲနက်အားပေးခြင်းခံခဲ့ရသူလေးပါ။ စွမ်းပြည့်အောင် က ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့်လည်း Season 3ယှဉ်ပြိုင်တုန်းက အားပေးချစ်ခင်သူ အရမ်းကိုများပြားခဲ့တာပါ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ချစ်ပရိသတ်တွေအတွက် စွမ်းပြည့်အောင် နဲ့ ထရေစီ တို့ သီဆိုထားတဲ့ အချစ်လိုအင် သီချင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
စွမ်းပြည့်အောင် က ပြိုင်ပွဲယှဉ်ပြိုင် ပြီးနောက်ပိုင်းမှာ သီချင်းအသစ်များထွက်ရှိရန်အတွက် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ သူက နယ်ပွဲများကို သွားရောက်ဖျော်ဖြေရင်းချစ်တဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတာပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ စွမ်းပြည့်အောင် က Myanmar Idol မှာ သူတို့ရဲ့ အသံနဲ့ပတ်သက်ပြီး သင်ကြားပေးတဲ့ Vocal Trainer အဆိုတော် ထရေစီ နဲ့ အတူ တေးရေးစောခူဆဲ ရေးသားပြီး တစ်ချိန်က ဂရေဟမ် သီဆိုခဲ့တဲ့ အချစ်လိုအင် သီချင်းလေး ကို ပြန်လည်သီဆိုထားတာပဲ ဖြစ်ပါတယ်။
စွမ်းပြည့်အောင် နဲ့ ဆရာမ ထရေစီ တို့ရဲ့ အချစ်လိုအင် သီချင်းလေးက လတ်တလောမှာ ပရိသတ်တွေကြားမှာ နာမည်ကြီးပြီး ကြည့်ရှုသူ ပရိသတ်တွေ အရမ်းကို များပြားနေတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေအတွက် အချစ်လိုအင် သီချင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်
ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ စွမ်းပြည့်အောင် နဲ့ ထရေစီ တို့ရဲ့အချစ်လိုအင် MV
စွမ်းပြည့်အောင် နဲ့ ထရေစီ တို့ရဲ့ အချစ်လိုအင် သီချင်းလေးကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Credit \\ original




