Helicopter ကြီးစီးပြီး ဝေဟင်ထက်မှာ Ro နေကြတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံ





တစ်ချိန်က သရုပ်ဆောင်လောကမှာ ပရိသတ်တွေအရမ်းချစ်ခင်ခဲ့ကြတဲ့ မင်းသမီးချောလေး စမိုင်းလ်ကတော့ သူမကို အရမ်းချစ်တဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သမီးချောလေး နှစ်ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ဖန်တီးပိုင်ဆိုင်ထားတာပါ။ မကြာခဏဆိုသလို မိသားစုအပန်းဖြေခရီးတွေ ထွက်လေ့ရှိတဲ့ စမိုင်းလ်ကတော့ လတ်တလောမှာလည်း မိသားစုနဲ့အတူ ကမ္ဘာအနှံ့ ခရီးထွက်နေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ Helicopter ကြီးစီးပြီး ကောင်းကင်ပေါ်ကနေ ရှုခင်းအလှအပတွေကို ခံစားရင်း Ro နေကြတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံကတော့ တကယ့်သတ္တိခဲတွေပါပဲနော်။



ချစ်ပရိသတ်တွေအတွက် Helicopter ကြီးစီးပြီး ဝေဟင်ပေါ်မှာ ပျော်နေတဲ့ စမိုင်းလ်တို့ မိသားစုတွေရဲ့ခရီးသွားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

စမိုင်းလ်ကတော့ “Helicopter ကနေ ခြေထောက်အပြင်ထုတ်ပြီး ဓါတ်ပုံရိုက်ရတဲ့ အရသာက အမလေးးးးကြောက်ထာ 😂” ဆိုပြီး Helicopter ပေါ်မှာ ကြောက်ကြောက်နဲ့ ခြေထောက်ထုတ်ပြီး ဓါတ်ဖမ်းခဲ့တဲ့ သူတို့ဇနီးမောင်နှံရဲ့အကြောင်းကို ပြောထားတာပါ။


စမိုင်းလ်တို့ Ro ချက်ကတော့ လုံးဝ လိုက်မမှီတော့ဘူးနော်….




နည်းနည်းနော်နော် အမြင့်ကြီးမဟုတ်ဘူး..



ဇနီးသည်ကို အရမ်းချစ်တဲ့ စမိုင်းလ်ရဲ့ခင်ပွန်းကတော့ တလောကပဲ ချစ်ဇနီးသည်ကို ဝေဟင်ပေါ်မှာ စာတန်းထိုးပြီး Surprise အကြီးကြီး လုပ်ပေးခဲ့ပါသေးတယ်။ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ဦးကတော့ လက်ရှိမှာ အရမ်းကိုချစ်စရာကောင်းတဲ့ မီးမီးလေးနှစ်ဦးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း မြန်မာနိုင်ငံရဲ့ အရမ်းကို Ro လွန်းတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံကို သဘောကျရင် share သွားကြဖို့ မမေ့ကြနဲ့နော်။

Credit  \\  original

Recent Updates

Recent Posts Widget